အင်္ဂလိပ် ဘာသာစကားနှင့် နှိုင်းယှဉ်ရင် တရုတ် ဘာသာစကားသည် ကျွန်တော်တို့ မြန်မာလူမျိုး အတွက် အရေးအသား ခက်ခဲစေသော်လည်း အသံထွက်တဲ့နည်းမှာ မခက်ခဲပါ။ တရုတ်စကား အသံထွက် သင်္ကေတ စာလုံးတွေကို နားလည်ထားဖို့ရန်သာ လိုသည်။ အသံထွက် သင်္ကေတ စာလုံးတွေကိုလည်း အင်္ဂလိပ် စာလုံးတွေနှင့် သုံးနှုန်းထားသည့်အတွက် အခက်အခဲ မရှိနိုင်ပါ။ ပုံမှန် လေ့ကျင့်ဖို့သာ လိုသည်။
တရုတ်စာလုံးတစ်ခု၏ အသံထွက်သင်္ကေတ တစ်ခုတွင် အင်္ဂလိပ် အက္ခရာ ဗျည်း နှင့် သရ တို့ ပါဝင်သည်။ ဥပမာ မေမေ လို့ အဓိပ္ပါယ် ရတဲ့ mā ဆိုတဲ့ တရုတ် အသံထွက်သင်္ကေတမှာ m ဆိုသည့် ဗျည်း နှင့် a ဆိုသည့် သရ ပါဝင်သည်။ တရုတ်အသံထွက် နည်းစံနစ်တွင် သရ ဖြစ်သည့် a, e, i, o, u တို့တွင် ကိုယ်ပိုင် အသံထွက် ရှိသည်။ ဗျည်းဖြစ်သော b, p, m, f, d, t, n, l, g, k, h, z, c, s, zh, ch, sh, r, j, q, x တို့တွင် အားပျော့သော၊ လေထွက်ရုံမျှ အသံထွက် ရှိသည်။
